Monday, February 23, 2015
Computer Technical Notes & Sharing Softwares
Wednesday, June 6, 2012
မြန်မာနာမည် VIRUS များ ရှင်းလင်းရန် နင့် SOFTWARE များ
ကျွန်တော်တို့မြန်မာတွေကိုလည်း အထင်သေးလို့မရတော့ဘူးဗျ.။ အိုင်တီနည်းပညာတွေကို အမှီလိုက်နိုင်လာ ရုံမက တချို့က အများကောင်းကျိုးအတွက် အသုံးချတာရှိသလို၊ တချို့ကလဲ တတ်တာနဲ့ပညာပြချင်လာကြတာ ဘဲ.သူတို့ပညာပြလိုက်လို့ခံလိုက်ရတဲ့သူတွေခမျာ ဘယ်လောက်တောင်စိတ်ဒုက္ခရောက်လိုက်မလဲဗျာ.ကျနော်ကိုယ်တိုင်လဲ Magway FC Virus အကိုက်ခံလိုက်ရသေးတယ်.။ ၁နှစ်ကျော်လောက်တော့ရှိပါပြီ။ ဒီလိုဘဲ.. အခြားသူတွေလဲ ကျနော်ကြုံတွေ့ရသလိုမျိုး ဖြစ်ဖူးကြပါလိမ့်မယ်။ အခြားပြည်ပက လာတဲ့ ဗိုင်းရပ်စ်တွေက သတ်ရတာလွယ်သေးတယ်။ အဲ.မြန်မာ ဆန်ဆန်ဗိုင်းရပ်စ်တွေက တော့ မလွယ်လှပါဘူး။ အဲဒီအတွက်..သူတို့ရဲ့လုပ်ဆောင်ချက်နဲ့..တစ်ခုချင်းစီ ကိုသတ်တဲ့ Software လေးတွေကို တင်ပေးလိုက်ပါ တယ်.။အားလုံးဘဲ..ဆောင်ထားကြစေလိုပါတယ်.။ Magway FC Virus (or) mgy.exe Virus ဒီ Virus ၀င်ရင် စက်ကလေးလံနေမယ်။ Start Menu Button က Magway FC ဆိုပြီးပြောင်းနေမယ်။ File Icon တွေမှာ Magway FC ဘောလုံး Logo တွေပေါ်နေမယ်။ msconfig ခေါ်လိုရင် Restart ကျသွားမယ်။ Task manager, command, search, regedit, folder option တို့ပိတ်သွားမယ်။ Taskbar ဘယ်ဘက်ထောင့်မှာ Magway FC logo တက်တက်လာမယ်။ Drive တွေထဲက Folder တွေထဲမှာ ဖိုင်တွေ hidden ဖြစ်ပြီးပျောက်သွားမယ်။နောက် Harddrive partition အားလုံးမှာ 15MB ရှိတဲ့ Virus File တွေပွားပြီး Drive တွေ ကို Disk space တွေပြည့်အောင်ပွားတယ်။ အဆိုးရွားဆုံးကတော့ Data Partation ထဲက File တွေအားလုံး size တွေက 15MB လောက်ဖြစ်သွားအောင်ဖျက်ဆီးပါတယ်။ Virus ၀င်တာကြာလာတာနဲ့အမျှ အပေါ်မှာ ပြောပြထားတဲ့ Effect တွေ အဆင့်ဆင့်ဖြစ်ပေါ်လာပါတယ် ဖိုင်ပျက်စီးမှုတွေလည်းပိုများလာတယ်။ ဒါကြောင့် ဗိုင်းရပ်စ် ၀င်ပြီဆိုတာနဲ့ အချိန်မဆွဲဘဲ အမြန်ရှင်းလင်းပစ်လိုက်ပါ။ Magway FC Virus Cleaner ထဲမှာ readme File မှာပါတဲ့ လုပ်ဆောင်ပုံတွေဖတ်ပြီး အမြန်ရှင်းလင်းပစ်ပါ။ Chrome (or) Private_cam (or) gtalk Virus ဒီ Virus ကတော့ စက်တွေ Memory stick တွေမှာ အများဆုံးဝင်တတ်တဲ့ Virus ပါ။ အင်တာနက်ကနေကော Memory Stick တွေကပါ ကူးစက်လေ့ရှိပါတယ်။ အင်တာနက် တပ်ထားတဲ့ ကွန်ပျူတာ တွေမှာဆိုရင် gtalk သုံးတဲ့အခါ ကိုယ်မရိုက်ဘဲ private_cam စတဲ့ စကားလုံးတွေပါဝင်တဲ့ Message တွေကို ကိုယ့်သူငယ်ချင်းတွေ ဆီကိုပို့နေမယ်။ Messager Software တွေက သူ့ဘာသာပွင့်လာတယ်၊ စက်က သုံးရတာ နှေးနေမယ်၊ Windows မရှိတဲ့ partition တိုင်းက Folder တိုင်းလိုလိုထဲမှာ သူ့နဲ့နာမည်တူ exe ဖိုင်တွေ ပြန့်ပြီး မူရင်း folder တွေကိုဖျောက်ထားမယ်။ Chrome virus ကမူကွဲတွေလည်းရှိပါတယ်။ Chrome Virus Cleaner နဲ့ရှင်းပြီးရင် ပွားနေတဲ့ Folder အယောင်ဆောင် .exe virus file တွေကို ရှင်းလင်းပလိုက်ပါ။ ရှင်းလင်းနည်းကိုလည်း တစ်ခါတည်းထည့်ပေးလိုက်ပါတယ်။ Svchost Virus ဒီ Virus ၀င်ရင်တော့ Windows No Disk ဆိုပြီး Flash Drive တောင်းတဲ့ error ပေါ်ပါတယ်။ Windows Folder က သူ့အလိုလိုပွင့်လာပါတယ်။ System အထဲမှာ အလုပ်လုပ်နေတဲ့ File ပုံစံဖြစ်နေတဲ့အတွက် Antivirus အချို့နဲ့လည်း ရှာလို့မတွေ့နိုင်ပါဘူး။ Svchost Cleaner နဲ့ရှင်းလိုက်ပါ။ Loikaw Virus ဒီ Virus ၀င်ရင်တော့ Desktop ပေါ်မှာ Virus Information.txt ဆိုတဲ့ ဖိုင်တစ်ဖိုင်တွေ့ရမယ်။ ဖွင့်ကြည့်လိုက်ရင်တော့ “Hi Fri” နဲ့စတဲ့ Myanglish လိုရေးထားတဲ့ စာတွေတွေ့ရမယ်။ တစ်ခါတစ်ရံ Chit thu lay how are you ဆိုတဲ့ message box ပေါ်လာမယ်။ ကိုယ်က စာတွေရိုက်ရင်း တစ်ခါတစ်ရံ virus က message တွေပို့နေလိမ့်မယ်၊ My Computer က icon က ပြတင်ပေါက် ပုံစံလေးပြောင်းသွားမယ်၊ Task manager ၊ Registry စတာတွေကိုဖွင့်လို့မရတော့ဘူး Loikaw virus Cleaner နဲ့ရှင်းလိုက်ပါ။ Ati2avxx.exe virus ဒီ Virus ကစက်ထဲမှာ နဂိုကတည်းကရှိတဲ့ ဖိုင် ပုံစံလုပ်ထားတာပါ။ Memory Stick တွေက ကူးစက်တာပါ။ Start>Run>msconfig>strartup ထဲမှာ ati2avxx ဆိုပြီးရှိနေလိမ့်မယ်။ mburmh.exe ဆိုတဲံ jpeg icon နဲ့ဖိုင်လေးက Drive တိုင်းမှာ Hidden file အနေနဲ့ရှိနေလိမ့်မယ်။ Folder option ကိုဖွင့် ကြည့်လိုက်ရင် show Hidden files and folder နဲ့ hide protect operation system file နှစ်ခုကို ဖျောက်ထားလိုက်ပေမယ့် Computer မှာ သုံးလိုက်တဲ့ Stick တွေထဲကိုပြန့်တယ်။ ati2avxx Cleaner နဲ့ရှင်းလိုက်ပါ။ Tayat Myo Hacking day virus ဒီ Virus က Desktop ပေါ်က Software တွေရဲ့ Short cut နေရာမှာ ၀င်ရောက်နေရာယူပါတယ်။ File folder တွေကိုဖျောက်ပြီး zip file ပုံစံပြောင်းလိုက်ပါတယ်။ သွားပြီးဖွင့်ကြည့်တဲ့အခါ “thayatmyo hacking day” ဆိုပြီး စာကြောင်းတွေ လျှောက်ပြေးနေမယ်၊ Keyboard က Key တွေကြောင်ကုန်တယ်၊ ဒါဆိုရင် (Task Manager, Registry,msconfig,gpedit.msc) အဲဒါတွေ လုံးဝမခေါ်မိစေနဲ့ Thayatmyo hacking day cleaner နဲ့ရှင်းလိုက်ပါ၊ အကယ်လို့ Task Manager , Registry တို့သွားခေါ်မိမယ်ဆိုရင် ဗိုင်းရပ်စ် က Hal.dll ဆိုတဲ့ဖိုင် ကိုတောင်းပါလိမ့်မယ်။ အခု Virus Cleaner နဲ့ရှင်းပြီးပြီ ဒါပေမယ့် အခုနကဟာတွေ သွားနှိပ်မိထားတယ်ဆိုရင် Hal.dll ဆိုတဲ့ ဖိုင်ကို Windows ထဲက System32 ဆိုတဲ့ Folder ထဲကို ကော်ပီ ကူးပေးလိုက်ပါ။ တကယ်လို့များ အခုစာကိုဖတ်မိတာ နောက်ကျသွားပြီ Windows ကျသွားလို့ ဒီစာကိုတောင် အခြားကွန်ပျူတာမှာ ဖတ်နေရတာ ဆိုရင် ၀င်းဒိုးစ်ပြန်တင်ရမှာပေါ့ဆိုပြီး စိတ်ညစ်မနေနဲ့.. အညာသားလေးရေးပြထားတဲ့ အထဲမယ်။ Hal.dll ကိုပြန် ထည့်နည်းရေးပြထားတယ်.ရှာဖတ်လိုက်ပါ။ အဲ..Virus ကို Cleaner နဲ့ရှင်းဖို့တော့ မမေ့နဲ့နော်.။ Global virus ဒီ Virus ၀င်ရင်တော့ Harddisk pertition တွေမှာ မူရင်း Folder တွေပျောက်ပြီး Virus File တွေက နာမည်တူတွေရှိနေမယ်။ Task Manager ထဲမှာ Global.exe/system.exe/svchesct.exe (user Account) နဲ့ပေါင်းနေမယ်။ Your Computer is defeated ဆိုပြီး Box လေးတစ်ခု Screen မှာပေါ်ပေါ်လာပါတယ်။ msconfig ထဲက setup ထဲမှာ KeyBoard ဆိုပြီးရှိနေမယ်။ Webpage တွေဖွင့်တဲ့အခါ error တက်လာမယ်။ Global Virus cleaner နဲ့ ရှင်းလိုက်ပါ။ Global virus cleaner နဲ့ရှင်းပြီးရင် ပွားနေတဲ့ Folder အယောင်ဆောင် .exe virus file တွေကိုရှင်းလိုက်ပါ။ Killvbs.vbs virus ဒီ Virus ၀င်ရင်တော့ Taskmanager ထဲက Process ထဲမှာ Killvbs ဆိုပြီး run နေမယ်။ Windows+R နှိပ်ပြီး msconfig ရိုက်လိုက်ရင် Startup ထဲမှာ Killvbs ဆိုပြီးရှိနေမယ်။ Internet သုံးရင် IE နဲ့သုံးတဲ့အခါ တစ်ချို့ antivirus တင်ထားတဲ့စက်တွေမှာ A နဲ့ စတဲ့ Virus ကိုတွေ့ပြီး အမြဲတမ်းလည်းသတ်နေရမယ်။ ဒါဆိုရင်တော့ Killvbs Cleaner နဲ့ ရှင်လိုက်ပါ။ Funny Virus ဒီ Virus ၀င်ရင်တော့ Desktop နဲ့ My computer ထဲမှာ Funny ဆိုတဲ့ Delete လုပ်လို့မရတဲ့ Folder တစ်ခုပေါ်နေမယ်။ စက်က သုံးရတာနှေးလာမယ်။ My computer ထဲက C: ထဲမှာ ရှိတဲ့ Folder တွေကို ပျောက်နေမယ်။ ဒီ ဗိုင်းရပ်စ် ၀င်နေပြီဆိုသိသိချင်း အမြန်ဆုံးရှင်းသင့်ပါတယ် ကြာရင် ဖိုင် တွေပျက်စီးမှုတွေပိုများပါတယ်။ Funny virus cleaner နဲ့ရှင်လိုက်ပါ။ တကယ်လို့များ Funny virus ၀င်တာ ကြာရင် ပဲဖြစ်ဖြစ် မိန်းကလေးပုံပေါ်လာပြီး မွေးနေ့မေးတဲ့ Program ပေါ်လာပြီး စက် Restart ကျပြီး Windows ပြန် မတက်တော့တာဟာ virus က Hal.dll file ကိုဖျက်သွားလို့ပါ ဒါဆိုရင်တော့ Hall.dll ကိုပြန်ပြီး သွင်းလိုက်ပါ။ Kolay Virus ဒီ Virus ၀င်ရင် Process ထဲမှာ Kolay.vbs ဆိုပြီး Process တစ်ခုRun နေမယ်။ ကြာရင်တော့ Unserinit.exe file ကိုဖျက်သွားရင် Welcome Screen ကနေဆက်ဝင်လို့မရတော့ပါဘူး။ Kolay.vbs Virus cleaner နဲ့ရှင်းလိုက်ပါ။ Nargiz Virus ဒီ Virus ၀င်ရင်တော့ Hard Drive များကို Double Click ဖြင့် ၀င်မရခြင်း၊ Logon ၀င်တဲ့အခါ Virus ကပေးထားတဲ့ ပြောင်းလဲထားတဲ့ Password ကြောင့် Logon ၀င်မရဘဲဖြစ်နေတတ်တယ်။ ဒါဆိုရင်တော့ mMs, mMs0, mMs1, mMs2, mMs3, mMs4,mMs5, mMs6,mMs7,mMs8,mMs9 ကိုမမှန်မခြင်း တစ် ခုခြင်းစီ ရိုက်ထည့်ပြီး Logon ၀င်ပြီးပါက Nargiz Virus Cleaner နှင့်ရှင်းလင်းနိုင်ပါတယ်။ Recycler Virus Recycler Virus ဆိုပြီး မူကွဲ အမျိုးမျိုးရှိတဲ့ထဲက ဒီမှာ အများဆုံးဝင်တတ်တဲ့ Recycler ကတော့ USB Drive တွေတပ်လိုက်ရင် Drive ထဲကို Recycler.exe ဆိုပြီး ၀င်ရောက်ပျံ့နှံ့ ပြီး၊ ၀င်ရောက်ခံရတဲံ ကွန်ပျူတာမှာတော့ Process တွေမှာ 59ef4c, 9b023b, fdd23C, 7EB74E စတဲ့ Process တွေ Run နေပြီး Run ကနေ msconfig ရိုက်ဖွင့်ကြည့်တဲ့အခါ Startup မှာ iiiiii, 59ef4c, 9b023b, fdd23C, 7EB74E စတဲ့ နာမည် တစ်ခုခုရှိနေပါတယ်။ ရှင်းလင်းလိုက်ပါ။ Regsvr(or) NewFolder.exe Virus ဒီ Virus ကတော့ Newfolder.exe နာမည်နဲ့ ကွန်ပျူတာရဲ့ နေရာအများအပြားမှာ ပြန့်နှံ့နေတတ်ပါတယ်။ Regsvr.exe ဆိုတဲ့ ဖိုင်တွေလည်းတွေ့ရပါတယ်။ Process မှာတော့ Svichossst.exe, regsvr.exe, New_folder.exe, newfolder.exe, svchost.exe စတဲ့ Process အချို့လည်းတွေ့ရပါတယ်။ ဒီဗိုင်းရပ်ဝင် ခံရရင်တော်တော်ကိုထိခိုက်ပါတယ်
Aung Soe
Menu
(ဖော်ပြပါအကြောင်းအရာများအားလုံးသည် သင်ဆရာ မြင်ဆရာများထံမှ လေ့လာကူးယူထားပြီး ကျွုပ်ကိုယ်တိုင် စမ်းသတ်ပြီးမှ တင်ပြပေးထားခြင်းဖြစ်ပါကြောင်း) aungizzy@gmail.com
အခုတလော သောင်းကြမ်းနေတဲ့ Happy Birthday ဆိုတဲ့အကောင်သတ်နည်းလေးတော့ရှိတယ် နည်းလမ်းပေးနိုင်တယ် ဒါပေမယ့် ဆော့ဝဲ ဘယ်လိုတင်ပေးရမလဲဆိုတာ မသိသေးလို့  နောက်မှတင်တော့မယ်။
"အခြေခံVirus သတ်နည်း"
ဒီနည်းလေး ကVirusတော်တော် များများ ကိုသတ်လို့ ရတဲ့နည်းပါ။ သူငယ်ချင်း တို့အတွက် ဖောက်သည် ချလိုက် ပါတယ်။ ဒီနည်းကိုကျွန်တော် ကိုယ်တိုင် တွေ့ရှိ ထားတာပါ။ သူငယ်ချင်း တို့လည်း သိရင် သိမှာပါ။ဒီနည်းနဲ့ W32 တို့Win Virus စတဲ့ဟိုအရင်ကVirusတွေတော့ ကောင်းကောင်းနိုင်ပါတယ်။ လွယ်လို့ အထင် မsmall နဲ့နော်၊ တကယ် စွမ်းတယ်။
၁. ကိုယ့်Computer ထဲကို ၀င်နေတဲ့Virus name ကိုသိအောင် လုပ်ပါ။
၂. Virus name ကိုသိရင်တော့Task Manager ကိုဖွင့်လိုက်ပါ။Process ထဲမှာVirus name ကိုရှာပြီး end task လုပ်လိုက်ပါ။
၃. Search ထဲကနေvirus name ဒါမှမဟုတ်*.exe လို့ရိုက်ထဲ့ ပြီးရှာလိုက်ပါ။Virus name နဲ့Virus လို့ထင်ရတဲ့ .exeတွေကိုDelete လုပ်ပြစ်ပါ။ (Application များကို မှားပြီး ဖြတ်မပြစ် ရန်သတိ ပြုပါ။)
၎. Computer ကို Restart ချလိုက်ပါ။Computerပြန်ပွင့်လာတဲ့အချိန်မှာError massageပြနေပါက (HKEY_LOCAL_MACHINE Software Microsoft Windows Current Version Run ထဲမှာ Virus name ကိုရှာ ဖြတ်ပါ။)
Safe mode မှ လုပ်လျှင် အဆင့် (၃)မှစတင်လုပ်ပါ။
"Flashy Virus သတ်နည်းလေးပါ"
ခုတလော Flashy ကိုက်နေလို့Flashy ကိုက်နေလို့ဆိုတဲ့ အသံတွေ တော်တော် ကြားနေရတယ်။ကျွန်တော့် သူငယ်ချင်း တော်တော် များများဆိုရင်Format ချပြီးWindowsတောင်ပြန်တင်ကျတယ်။ ဒါပေမယ့်Data Backupတွေကနေ ပြန်ဝင်လာတာပဲ။Antivirus ကိုUpdate လုပ်ပြီး scan လုပ်တော့ မိတယ်ဗျာ။ ဒါပေမယ့် ခြေရာ တွေတော့ ကျန်ခဲ့တယ်။ ဒီပြဿနာမျိုးတွေနဲ့ ကျုံနေတဲ့ သူငယ်ချင်း တွေအတွက်......
၁. Antivirus software တစ်ခုကို သွင်းပါ။
၂. Virus definition ကို update လုပ်ပါ။
၃. Computer ကိုfull scan run ပါ။
၎. ရှာဖွေ တွေ့ရှိတဲ့ Virus နဲ့Trojan များကိုရှင်းပစ်ပါ။ Virus များနဲ့Trojan များကို ရှင်းပြီး သည့်တိုင် Flashy ရဲ့ ခြေရာလက်ရာ များတော့ ကျန်ခဲ့ ဦးမည်။
၅.Internet connection ကိုဖြုတ်ပါ။
၆. Start > Run ထဲတွင်regedit ဟုရိုက် ထဲ့လိုက်ပါ။
၇. Registry Edictor ထဲကိုရောက်သွား ပါမယ်။
၈. HKEY_LOCAL_MACHINE Software Microsoft Windows CurrentVersion Run သို့ ရောက်အောင် သွားပါ။ ပြီးလျှင် "Flashy Bot"=% System % Flashy.exe ဟူသော စာသား ကိုရွေးပြီး ဖျက်ပါ။
၉. Folder Option ကို ပြန်လည်ဖော်ရန် HKEY_CURRENT_USER Software Microsoft Windows CurrentVersion Policies Explorer သို့ရောက်အောင်သွားပါ။"NoFolder Options"="1" ဟူသော စာသားကိုဖျက်လိုက်ပါ။
၁၀.File extension များပျောက် နေတာနဲ့Hiddenဖြစ်နေတာကိုတော့ HKEY_CURRENT_USER Software Microsoft Windows CurrentVersion Policies Explorer Advanced ထဲတွင်"HideFile Ext"="1" နှင့်"Hidden"="2" ဟူသော စာသားများကို ဖျက်လိုက်ပါ။
ဒါဆိုရင် သူငယ်ချင်ရဲ့Computer ကို ဒုခပေးနေတဲ့Flashy အစတောင် ရှာလို့ မရတော့ဘူး။
မူလစာမျက်နှာသို့ 

I Love You Virus ရေးနည်း (၂)
ကဲကိုယ်ရဲ့ ကောင်မလေး PC ပဲဖြစ်ဖြစ် သူငယ်ချင်း PC ပဲ ဖြစ်ဖြစ်စမ်းသပ်ကြည့်ရအောင်။
ပထမဆုံး အနေဖြင့် မိမိ ကောင်မလေးအတွက် I love you Virus ကို ဖန်းတီးမယ်။
Setp (1)
Start > Run (or ) Window Key + R ထဲတွင် Notepad လို့ ရိုက်ထည့်ပြီး Notepad ကိုဖွင့်လိုက်ပါ။
Setp (2)
အောက်က Code လေးတွေကို ထည့်လိုက်ပါ။
@echo off
:abc
msg * I love You Darling !!
mmuuaah!
goto abc
.bat
Setp (3)
File > Save (or) Ctrl+S ဖြင့် သိမ်းလိုက်ပါ။ သိမ်းတဲ့ နေရာတွင် ဖိုင်အမည်ကို any (ကြိုက်နှစ်သက်တဲ့ ဖိုင်နာမည်) . bat ဖိုင်ဖြင့် သိမ်းပါ။ (kozin.bat)
ပြီးရင် အဲဒီ ဖိုင်လေးကို ဖွင့်လိုက်ပါ အောက်ပါ ပုံအတိုင်းပေါ်လာပါမည်
အပေါ်က Code ထဲက msg * I love You Darling !! ထိုစာကြောင်းထဲက Darling နေရာတွင် မိမိ ကောင်မလေးနာမည် ရေးပါ။ ဒါဆို Massage တွင် မိမိကောင်မလေး နာမည် ပေါ်လာပါလိမ့်မယ်။
ဒီ Virus ကို run လိုက်ခြင်းအားဖြင့် Computer Harm ခြင်း မဖြစ်ပါဘူး။ ဒါပေမဲ့ ကွန်ပျူတာ Desktop ပေါ်တွင်
ခဏခဏ ပေါ်ပြီး နှောင့်ယှက် တာပဲရှိပါတယ်။ ဒါကြောင့် အေးအေးဆေးဆေးအလွယ်တကူ စမ်းသက်နိုင်ပါတယ်။ မိမိ ကောင်မလေးက လည်း ကွန်ပျူတာသုံးတိုင်း သတိရနေမှာပါ။ (ဆဲခြင်လို့ဖြစ်မယ်

Happy Virus ရေးနည်း
Notepad ကိုဖွင့်ပြီး အောက်က ကုဒ်လေးတွေကိုကူးထည့်လိုက်ပါဗျ ... ပြီးရင် Save လုပ်ပြီး File Type မှာ All File လို့ရွေးပါ ပြီးရင် ပေးချင်တဲ့နံမည်ပေးပြီးတော့ ဥပမာ- HappyDay.bat လို့ Save လုပ်ပေးပါ ... ကျွန်တော် ကွင်းစကွင်းပိတ်နဲ့ ပြထားတဲ့ဟာကိုတော့ ဖျက်ပစ်ပေးပါ မဟုတ်ရင် အဲဒါကို Run မိတဲ့ စက်ဟာ အရမ်းကိုလေးပြီးတော့ ... Hang သွားမှာမို့ပါ ဗျ .. ထိန်ချန်ထားခြင်းမရှိပါဘူးဗျာ ..တစ်ကယ် Happy Virus ဖြစ်ချင်တယ်ဆိုရင်တော့ ... မဖျက် နဲ့ပေါ့ဗျာ ... ဘာကိုမှ မရည်ရွယ်ပါဘူး ကျွန်တော် ပြောပြီးသားပါဗျ .. နောက်ဆက်တွဲပြသနာတွေ ကျွန်တော် နဲ့မဆိုင်ဘူးနော် ...
အများကြီးရေးချင်ရင် ဆက်ရေးလို့ရပါတယ် Happy Virus ကဒါနဲ့သဘောတရားချင်းတူတူပါပဲဗျ ... သူကပိုလဲများတယ် ... ကျွန်တော်ဖျက်ခိုင်းတဲ့ စာကြောင်းလဲပါတယ် အဲတော့ ဘယ်တော့မှ အဆုံးမသတ်နိုင်တော့ပဲ စက် Hang သွားရခြင်းဖြစ်ပါတယ် ...
စမ်းချင်တယ် ဆိုရင်တော့ goto စာကြောင်းကိုဖျက်ပေးပါဗျ ... Post တစ်ခုနဲ့တစ်ခု တင်တာ အရမ်းကိုကြာတဲ့အတွက် ကျွန်တော်တောင်းပန်ပါရစေဗျာ ...
@echo off
echo x=msgbox("Happy Virus",0+10,"Happy Virus") > msg1.vbs
echo x=msgbox("Happy Birthday",0+11,"Happy Virus") > msg2.vbs
echo x=msgbox("Happy Happy Happy",0+10,"Happy Virus") > msg3.vbs
echo x=msgbox("Happy Virus Happy Virus :) :) :)",0+10,"Happy Virus") > msg4.vbs
:happy
start msg1.vbs
start msg2.vbs
start msg3.vbs
start msg4.vbs
goto :happy (ဒီစာကြောင်းကို ဖျက်ပစ်ပေးပါဗျ ...)
ပေသီးထံမှ ကူးယူဖော်ပြသည်

Subscribe to:
Comments (Atom)